နမ့်ခမ်းမြို့နယ်၌ ကျေးရွာအုပ်စုများ (၆) အုပ်စုရှိ အသက်(၁၈)နှစ်အထက် ကျေးရွာ ပြည်သူ များ (၈၇၂) ဦးအား ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ကွင်းဆင်းထိုးနှံပေ; - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ့်ခမ်းမြို့နယ်၌ ကျေးရွာအုပ်စုများ (၆) အုပ်စုရှိ အသက်(၁၈)နှစ်အထက် ကျေးရွာ ပြည်သူ များ (၈၇၂) ဦးအား ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ကွင်းဆင်းထိုးနှံပေ;



နမ့်ခမ်း၊ အောက်တိုဘာ   ၂၈

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်း ကျေးရွာအုပ်စုများ(၆)အုပ်စုရှိ အသက်(၁၈)နှစ် အထက် ကျေးရွာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျေးရွာအုပ်စုများရှိ တိုက်နယ်ဆေးရုံများ၊ ကျေးရွာဓမ္မာရုံများနှင့် စာသင်ကျောင်းများ၌ ကျေးရွာအရောက် ကွင်းဆင်း၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

နမ်းခမ်းမြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ အသက်(၁၈)နှစ်အထက် ကျေးရွာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရန် ကျေးရွာများအရောက် ကွင်းဆင်းပြီး ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ကျေးရွာအုပ်စုများ(၆)အုပ်စုဖြစ်သည့် လွယ်လွမ်လီရှော (၂၂၀) ဦး၊ မန်ပူး(၂၃၈)ဦး၊ ပန်ယုတ်(၂၀၈)ဦး၊ ဆာလု(၁၁၃)ဦး၊ လွယ်ချက်(၄၉)ဦးနှင့် ဟိုပန်(၄၄)ဦး စုစုပေါင်း ကျေးရွာအုပ်စုရှိ ပြည်သူများ(၈၇၂)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးကာ ရောဂါ ကာကွယ်ဆေး ထိုးပြီးကြောင်း ဆေးလက်မှတ် ထုတ်ပေးပြီး ကျန်ရှိသည့် ကျေးရွာအုပ်စုများရှိ အသက်(၁၈)နှစ်အထက် ရောဂါကာကွယ် ဆေး မထိုးရသေးသည့် ကျေးရွာပြည်သူများကို ရောဂါကာကွယ်ဆေးထိုးနှံခြင်း မကျန်ရှိစေ ရန် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီအသင်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများက ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ဘဦး(နမ့်ခမ်း)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)