ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်ကို KIAနှင့် PDF က ဖောက်ခွဲဖျက်ဆီးမည်ဟု သတင်းများထွက်ပေါ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်ကို KIAနှင့် PDF က ဖောက်ခွဲဖျက်ဆီးမည်ဟု သတင်းများထွက်ပေါ်



ကျွန်းလှ၊ အောက်တိုဘာ ၃၀


စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်အား KIA နှင့် PDF အကြမ်းဖက်အဖွဲ့များက ဖောက်ခွဲဖျက်ဆီးမည်ဟူသော သတင်းများ ထွက်ပေါ်လျက်နေပြီး ဒေသခံများ စိုးရိမ်လျက်ရှိသည်။


အကြမ်းဖက်အဖွဲ့များသည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အဖျက်အမှောင့်လုပ်ငန်းများကို အများပြည်သူအပေါ် ငဲ့ညှာခြင်းမရှိဘဲ လုပ်ဆောင်လျက်ရှိရာ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အများပြည်သူ ထိခိုက်နစ်နာမှုမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်မှုပေးစေလိုကြောင်း ဒေသခံတစ်ဦးက မြန်မာနေရှင်နယ်ပို့စ်သို့ ဆက်သွယ်ပြောဆိုသည်။


ချင်းပြည်နယ်၊ ထန်တလန်မြို့တွင်လည်း PDF အကြမ်းဖက်သမားများက ၎င်းတို့ကိုယ်တိုင် မီးရှို့ထွက်ပြေးပြီး တပ်မတော်က မီးရှို့သယောင် အကြမ်းဖက်လှုံ့ဆော်မီဒီယာများနှင့် NUG အကြမ်းဖက်အဖွဲ့ဝင်များက ရုပ်သံများထုတ်လွှင့်၍ ဝါဒဖြန့်ချိလျက်ရှိသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)