Pages

Pages

ဘိုကလေးမြို့တွင် အမျိုးသားရေးလှုပ်ရှားသူတစ်ဦးအား NLD, PDF အကြမ်းဖက်သမားက သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်သွားကြောင်း သိရ







ဘိုကလေး၊ အောက်တိုဘာ ၂၈

ယနေ့နံနက်ပိုင်းက ဘိုကလေးမြို့ဈေးအတွင်း အမျိုးသားရေးလှုပ်ရှားသူ ကိုချစ်စမ်းမောင် ဆိုသူအား NLD, PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် လာရောက် လုပ်ကြံသတ်ဖြတ်သွားကြောင်း သိရသည်။

NLD, PDF အကြမ်းဖက်သမားများက ကိုချစ်စမ်းမောင်၏ ဆိုင်ခန်းရှိရာ ဈေးရုံအတွင်းရောက်ရှိလာပြီး သေနတ်ဖြင့် နားထင်ကို တေ့ပစ်သွားခြင်းကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း သိရသည်။

NLD, PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထား၍ လိုက်လံလုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိပြီး အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့ဝန်ထမ်း စုစုပေါင်း ၁၃၄၀ ဦး အထိ သေဆုံးခဲ့ရပြီး ဖြစ်သည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment