We Love Rakhine နှင့် Lesswalk အဖွဲ့မှ မင်းပြားမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား စက်ဘီးလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

We Love Rakhine နှင့် Lesswalk အဖွဲ့မှ မင်းပြားမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများအား စက်ဘီးလှူဒါန်း


မင်းပြား၊ အောက်တိုဘာ ၂၈

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် We Love Rakhine မှစီစဉ်ပြီး Lesswalk အဖွဲ့မှလှူဒါန်းသည့် မင်းပြားမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရာတွင်အဆင်ပြေစေရန် စက်ဘီးလှူဒါန်းခြင်း အခမ်းအနားကို  အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက မင်းပြားမြို့ မြို့နယ်ပညာရေးမှူးရုံး ခန်းမ၌ ကျင်းပသည်။

We Love Rakhine ၏စီစဉ်မှုဖြင့် ရခိုင်ပြည်နယ်အတွင်းမှ ခြေကျင်ခရီးဖြင့်ကျောင်းတက်ရသည့် ကျောင်းသား၊ ကျောင်းသူ ၃၀၀ ဦးအတွက် ဂျပန်နိုင်ငံထုတ် စက်ဘီးအစီးရေ ၃၀၀ လှူဒါန်းခြင်းဖြစ်ပြီးမင်းပြားမြို့နယ်အတွက် စက်ဘီးအစီးရေ ၁၆ စီးလှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့နယ်အတွက် စက်ဘီးလှူဒါန်းခြင်းကို We Love Rakhine အဖွဲ့နှင့် မိတ်ဖက်လူမှုကူညီရေးအဖွဲ့အစည်း MCYN မှ လိုအပ်သည်များ ကူညီပံ့ပိုးခဲ့သည့်အပြင် ပျက်စီးချွတ်ယွင်းမှုများအား တာဝန်ယူပြုပြင်  ပေးခြင်းနှင့် နယ်ဝေးမှ စက်ဘီး လာရောက် ယူဆောင်သည့်ကျောင်းသား၊  ကျောင်းသူများ  အိမ်ပြန်အဆင်ပြေစေရန် အပြန်ခရီးစရိတ် ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)