သင်္ဃန်းကျွန်းမြို့နယ်တွင် ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သင်္ဃန်းကျွန်းမြို့နယ်တွင် ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်




သင်္ဃန်းကျွန်း၊ နိုဝင်ဘာ    ၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် နိုဝင်ဘာလ(၁)ရက်နေ့၌ ကျောင်းများ စတင်ဖွင့်လှစ်မည် ဖြစ်သဖြင့် အောက်တိုဘာ ၃၀ ရက်နှင့် ၃၁ ရက်နေ့၊ နံနက်ပိုင်းက စတင်၍ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၄၇)ကျောင်းတွင် စုပေါင်း သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့် အချိန်တွင် ကလေးများ အေးဆေးစွာ ပညာသင်ယူနိုင်ရန်အတွက် "ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး တံမြက်စည်းလှဲခြင်း၊ ကျောင်းပတ် ဝန်းကျင် စိမ်းလန်းစိုပြေစေရေး သစ်ပင်များ စိုက်ပျိုးခြင်း၊ စာသင်ခန်းအတွင်းရှိ စာသင်ခုံများကို စနစ် တကျစီခြင်း၊ စာသင်ခန်းအတွင်း တံမြက်စည်းလှဲခြင်း၊ လက်ဆေးဘေစင်များထားရှိခြင်း၊ အမှိုက်ပုံးများ အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်ပါကြောင်း" ကို မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းထံမှ သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၁၈၂)ဦး အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်ပါကြောင်းကို မြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

သတင်း - စန္ဒာမိုး(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)