Pages

Pages

သီပေါမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ





သီပေါ၊ နိုဝင်ဘာ   ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး(Sinopharm)ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့ပေါ်စုရပ်နေရာတွင် ကျန်းမာရေးဝန်ထမ်းများက   ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 သီပေါမြို့နယ်အတွင်း စက်တင်ဘာလက ပထမအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့သော ဦးစားပေးအုပ်စုအလိုက် သတ်မှတ်ထားရှိသူများအား  ဒုတိယအကြိမ်ဆက်လက် ထိုးနှံပေးလျက်ရှိရာ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ(၂၃) ရက်နေ့မှ နိုဝင်ဘာလ (၂)ရက်နေ့အထိ လူဦးရေ စုစုပေါင်း(၄၅၃၅)ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီး ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူ များအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှသိရသည်။

 အဆိုပါ ကာကွယ်ဆေးထိုးနှံသည့်နေရာသို့ ဆေးထိုးရန်လာရောက်သော ပြည်သူများအား      ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကိုယ်ပူချိန်တိုင်းတာစစ်ဆေးပေး ခြင်း၊ လက်သန့် ဆေးရည်ဖြင့် သန့်စင်စေခြင်း၊ သွေးပေါင်ချိန် တိုင်းတာစစ်ဆေးပေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်းများကို ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက  စနစ်တကျ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ခင်လေး(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment