Pages

Pages

ကျွန်းစုမြို့တွင် စားအုန်းဆီမျာအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး




ကျွန်းစု၊ နိုဝင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြိတ်ခရိုင် ဆီလုပ်ငန်းများအသင်းမှ စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ယ‌မန်နေ့ နံနက်ပိုင်းက လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရောင်းချရာတွင် မြိတ်ခရိုင် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးရန်နိုင်စိုး ဦးစီးအဖွဲ့သည် မြိတ်မြို့မှ လာရောက်၍ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ပိုင် မြို့မဈေးအရှေ့၌ ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် တစ်အိမ်ထောင်စု လျှင် စားအုန်းဆီ (၂) ပိဿာနှုန်းဖြင့် တစ်ပိဿာလျှင် (၃၉၅၀) ကျပ်ဖြင့် ဈေးနှုန်း သက်သာစွာ ရောင်းချပေးခဲ့သည်။

အလားတူ မြိတ်ခရိုင်ဆီလုပ်ငန်းရှင်အသင်းအနေဖြင့်  ခရိုင်အတွင်းရှိ မြို့နယ်များသို့  စားအုန်းဆီများအား အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဈေးနှုန်းချိုသာစွာဖြင့် လိုက်လံ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - စည်သူရအောင်(ကျွန်းစု)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment