Pages

Pages

တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ် ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်



တမူး၊ နိုဝင်ဘာ   ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းကို ယနေ့ နံနက် ၉ နာရီအချိန်က တမူးခရိုင်ပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်တွင် ဆောင်ရွက် ခဲ့သည်။

ထိုသို့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)လမှ တစ်နှစ်အောက် ကလေးငယ်များအား အသက်အရွယ် အပိုင်းအခြားအလိုက် ပြင်းထန် အဆုတ်ရောင်ရောဂါ၊ ဝက်သက်ဂျိုက်သိုးရောဂါ၊ ပိုလီယိုရောဂါ၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ အသည်းရောင် အသားဝါ(ဘီ)၊ မေးခိုင်အသဲရောင် အသားဝါရောဂါ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့သည်။

အဆိုပါ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက် ကျွေးခြင်းကို နိုဝင်ဘာ(၁)ရက်နေ့မှ (၃)ရက်နေ့ထိ ထိုးနှံတိုက်ကျွေးပေးမှာဖြစ်ပြီး နိုဝင်ဘာလ (၂)ရက်နေ့အထိ ကိုယ်ဝန်ဆောင် မိခင်(၃၉)ဦး၊ တစ်နှစ်အောက် ကလေးငယ်( ၁၈၃)ဦး တို့အား ထိုးနှံတိုက်ကျွေးပြီးဖြစ်ကြောင်း မိခင်နှင့်ကလေး ကျန်းမာရေး ဌာနမှ တာဝန်ခံ ဆရာမ ဒေါ်ကျင့်လမ်းကျိန်ထံမှ သိရသည်။

သတင်း - ကျော်ကြီး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment