Pages

Pages

ဝမ်းတွင်းမြိုနယ်တွင် ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ




ဝမ်းတွင်း၊ နိုဝင်ဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့တွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ဆိုင်ကယ် ကယ်ရီမောင်းသူတစ်ဦးအား ဒလန် ဟု စွပ်စွဲကာ PDF အဖွဲမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ဝမ်းတွင်း(၃)ရပ်ကွက်နေ ကိုချက်ဖောင်း(ခ) တင်မျိုးထွန်း ဖြစ်ကြောင်း၊ ဦးခေါင်း နောက်စေ့ ဖောက်ဝင်ဒဏ်ရာ၊ လည်ပင်းဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ယာပုခုံး ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ယာဘက်ချိုင်းအောက် ဖောက်ဝင်ဒဏ်ရာတစ်ချက်တို ရရှိပြီး ယင်းနေရာတွင် သေဆုံးသွားကြောင်း၊ အခင်းဖြစ်ပွားရာနေရာမှ ကျည်(၄)ခု  သိမ်းဆည်းခဲ့ရမိခဲ့ကြောင်းနှင့်  သေဆုံးသူအလောင်းအား မြို့နယ်ဆေးရုံသို့ပို့ ဆောင်၍ တရားခံများအား ဖမ်းဆီးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment