Pages

Pages

စဉ့်ကိုင်မြို့နယ်တွင် အသက်(၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် (၁၃၄၄၀) ဦးထိုးနှံပေးပြီးဖြစ်


စဉ့်ကိုင်၊ နိုဝင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊    ကျောက်ဆည်ခရိုင်၊   စဉ့်ကိုင်မြို့နယ်အတွင်း    အသက် (၅၅) နှစ်အထက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို  ပြည်သူများအား  ဒုတိယ အသုတ်၊  ဒုတိယအကြိမ်  ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ  ယမန်နေ့အထိ (၁၃၄၄၀) ဦး   ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊   ဒုမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး   ဒေါက်တာသိမ့်အိသူ  (ပြည်သူ့ကျန်းမာ)  နှင့် ကျန်းမာရေးဝန်ထမ်းများ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်း များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အသက် (၁၈) နှစ်အထက် ဒုတိယအသုတ် ပထမအကြိမ်နှင့် အသက် (၅၅) နှစ် အထက် ဒုတိယအသုတ်   ဒုတိယအကြိမ် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။


စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေး၊ ကြိုတင်ကာကွယ် တားဆီးနိုင်စေရန်နှင့် ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတ အဖွဲ့ဝင်များနှင့်   ပူးပေါင်းပြီး ပြည်သူများလိုက်နာစေရန်၊   အသံချဲ့စက်များ၊  Hand  Spaker  ဖြင့်  လှည့်လည်ပြီး အသိပညာပေးနှိုးဆော်ခြင်း၊   ရပ်ကွက်/ကျေးရွာများအတွင်း   ပိုးသတ် ဆေးများ ဖြန်းပေးခြင်း၊   ဒေသန္တာရ စည်းကမ်းချက်များ၊  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/မရှိစစ်ဆေးခြင်း  အသိ ပညာပေး  လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး   အသက်(၁၈)နှစ် အထက်ဒုတိယ အသုတ်ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ယမန်နေ့အထိ (၄၄၉၀) ဦးထိုးနှံ ပေးပြီးဖြစ်ရာ ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ကြောင်း   မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံက သိရသည်။

သတင်း - ဝင်းဝင်းသန်း 

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment