Pages

Pages

ပန်းတနော်မြို့၌ အသက်( ၂)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေး




ပန်းတနော်၊ နိုဝင်ဘာ   ၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၇ နာရီက မြို့ပေါ်ရပ်ကွက်များတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပိုလီယိုအပိုဆောင်းကာကွယ်ဆေးတိုက်ခြင်းနှင့် ဝက်သက်အပိုဆောင်းကာကွယ်ဆေး ထိုးခြင်းတို့ကို အသက်(၂)နှစ်အောက်ကလေးငယ်များအား ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးအားလုံးကို သတ်မှတ်ထားသော အကြိမ်နှင့် သတ်မှတ်ထား သောအသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးငယ်တို့ကို ပြင်းထန် တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ (ဘီ)ရောဂါ၊ ဦးနှောက်အမြှေး ရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါတို့မှ ကာကွယ်ပေးနိုင် မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment