Pages

Pages

ရွှေဘိုမြို့လုံးဆိုင်ရာ (၁၀၇)ကြိမ်မြောက် ဘုံမဟာကထိန် သင်္ကန်းဆက်ကပ်လှုဒါန်းပွဲကျင်းပ


ရွှေဘို၊ နိုဝင်ဘာ  ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့လုံးဆိုင်ရာ (၁၀၇)ကြိမ်မြောက် ဘုံမဟာကထိန် သင်္ကန်းဆက်ကပ် လှုဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကထိန်ညှပ်မကြီး မဲကျရာ မဟာဝေယံဘုံကျော် ကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး  မဟာဝေယံဘုံကျော် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသီရိဓမ္မထံမှ ငါးပါးသီလခံယူ ဆောက်တည်ပြီး ဆရာတော်ကြီးများထံမှ ပရိတ်တရာတော် နာယူကြည်ညိုကြသည်။

ထို့နောက် ဆရာတော်ကြီးများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်ဇနီးမှ  ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီး၊ ကထိန်ညှပ်မကြီး အလှူရှင် သုဇာတသာသနာပြုအဖွဲ့မှ ငွေသားနှင့်ပဒေသာပင်ပစ္စည်း စုစုပေါင်းတန်ဖိုး ကျပ်သိန်း တစ်ရာတစ်ဆယ့်ငါးသိန်း သုံးသောင်းငါးရာကျပ်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနှင့်ဇနီးမှ လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ် လှူဒါန်းခဲ့သည်။

ထို့နောက် ကထိန်အနုမောဒနာတရား နာယူပြီး လှူဒါန်းဖွယ်ပစ္စည်းအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြောင်း  သိရသည်။

ဆက်လက်၍ မြို့ပေါ်ဘုန်းတော်ကြီးကျောင်းတိုက် (၇၇)ကျောင်းတိုက်အတွက်  ငွေသားနှင့် ပဒေသာပင်ပစ္စည်း စုစုပေါင်းတန်ဖိုး ကျပ်သိန်း နှစ်ရာရှစ်ဆယ်ခုနှစ်သိန်းတစ်သောင်း သုံးထောင်ရှစ်ရာကျပ်ကို  (၇၇)ပုံပုံ၍ သက်ဆိုင်ဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများသို့ တာဝန်ရှိသူများ က ဆက်ကပ်လှူဒါန်းခဲ့သည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment