မြစ်ကြီးနား၊ နိုဝင်ဘာ ၂
ကချင်ပြည်နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ မတ်လအထိ (၆) ဒေသန္တရစီမံကိန်း၊ နိုင်ငံပိုင်ကဏ္ဍငွေလုံး ငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်း၊ စီမံကိန်းများ၏ စီမံကိန်းတန်ဖိုးပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းအစီ အစဉ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအား စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ဝန်ကြီးဌာန၏ ဥပဒေလုပ်ထုံး လုပ်နည်း၊ အမိန့်ညွှန်ကြားချက်များ နှင့်အညီအမြန်ဆုံး အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကို အလေးထား ညှိနှိုင်းဆွေးနွေးရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြား သည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်း များနှင့် ပတ်သက်၍ လည်းကောင်း၊ ပြည်နယ်စီမံကိန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လဒေသန္တရစီမံကိန်း၊နိုင်ငံပိုင်အခန်း ငွေလုံးငွေရင်း များ၏ စီမံကိန်းတန်ဖိုးပြောင်း လဲခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ညှိနှိုင်းဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ အကောင်အထည်ဖော်နိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment