Pages

Pages

အမ်းမြို့နယ်၌ တိုက်ပွဲရှောင် စခန်း/စုရပ်များရှိ နေရပ်စွန့်ခွာပြည်သူများအား မိမိနေရပ်များသို့ ပြန်လည်ပို့ဆောင်

 


အမ်း၊ နိုဝင်ဘာ   ၆

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌  တိုက်ပွဲရှောင် စခန်း/စုရပ်များရှိ နေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု (၁၇၅) စု၊ လူဦးရေ (၆၉၁) ဦးအား  နိုဝင်ဘာလ(၆)ရက် နံနက်(၈)နာရီ အချိန်က မိုးလုံလေလုံ အားကစားခန်းမမှ မိမိနေရပ်များသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင် စခန်း/စုရပ်များရှိ နေရပ်စွန့်ခွာပြည်သူများအား မိမိနေရပ် များသို့ ပြန်လည်ပို့ဆောင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မော်တော်ယာဉ် (၁၁) စီးဖြင့် စီစဉ်ဆောင်ရွက်ကာ နေရပ်စွန့်ခွာပြည်သူများ၏ အိမ်ထောင်ပရိဘောဂများကို နယ်မြေခံ တပ်မတော်သားများက ကူညီဆောင်ရွက်ပေးနေမှုအား အနောက်ပိုင်း တိုင်း စစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှု၍ အားပေးစကား ပြောကြားကာ မိမိနေရပ် ဒါးလက်ကျေးရွာ အုပ်စု၊ အလယ်ကျွန်း ကျေးရွာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment