မြန်အောင်၊ နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့ (ဘက)မူလွန်ရွှေကျောင်းမှ အသက် (၁၂)နှစ်အထက် ကိုရင်ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နံနက်က ကိုဗစ်ကာကွယ် ဆေးပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ကာကွယ်ဆေးထိုးရာသို့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများက ကူညီဆောင်ရွက်ပေးပြီး Data Base စာရင်းထည့် သွင်းခြင်းတို့အား စနစ်တကျဆောင်ရွက်၍ (ဘက)မူလွန်မြို့ ရွှေကျောင်းမှ အလယ်တန်း ကျောင်းသား/သူ အသက်၁၂နှစ်မှ၁၈နှစ်ကြား ကျား (၄၂)ဦး၊ မ(၈)ဦး စုစုပေါင်း (၅၀)ဦးတို့အား ကိုဗစ် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ယနေ့အထိ မြန်အောင်မြို့နယ်အတွင်း အခြေခံပညာအလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ယူလျက်ရှိသော အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်း သူ (၅၃၁၇)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။
သတင်း - ဝင်းဗိုလ်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment