Pages

Pages

သထုံ၌ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးများ ထိခိုက်ပျက်စီးခဲ့ရသည့် ကျေးရွာများအတွက် ဓာတ်မြေဩဇာများ ထောက်ပံ့ပေး

 


သထုံ၊ နိုဝင်ဘာ  ၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယခုနှစ် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုများကြောင့် မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးခဲ့ရသည့် ကျေးရွာများမှ တောင်သူများအတွက် ယူရီးယား ဓာတ်မြေဩဇာများ ထောက်ပံပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော် ရပ်ကွက်ရှိ စိုက်ပျိုးရေး ဦးစီးဌာန၊ နည်းပညာပြန့်ပွားရေးစင်တာ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်က အမှာစကား ပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောလှကြည်က ဓာတ်မြေဩဇာ ထောက်ပံ့ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ပြီးခဲ့သည့် ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုတို့ကြောင့် ထိခိုက်ပျက်စီး ခဲ့ရသည့် မိုးကောင်း၊ တံတားဦး၊ ကျိုက္ကော်၊ ကတိုက်ကလေး၊ ကတိုက်ကြီး၊ ဓနုကတိုက်ကျေးရွာ အုပ်စုများမှလယ်မြေဧကပေါင်း ၉၁၄၀ ဧကအတွက် ယူရီးယားဓာတ်မြေဩဇာ ၆၇၃၂ အိတ်တို့အား တောင်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - ကိုကိုဦး(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment