ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တွံတေးမြို့နယ်၌ ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တွံတေးမြို့နယ်၌ ဆက်လက်ထိုးနှံပေးလျက်ရှိ




တွံတေး၊ နိုဝင်ဘာ  ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ခြင်းကို  ယနေ့ နံနက်(၉)နာရီက ဆက်လက်၍ ပဒန်ရေကျော်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံနှင့် တကလှဲ့ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂ ကာကွယ်ဆေးကို ယနေ့တွင်လည်း (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများကို ကျေးရွာအုပ်စု စုရပ်(၁၃)နေရာသတ်မှတ်၍ ပထမအကြိမ် နေရာများအတိုင်း ဒုတိယအကြိမ်တွင်လည်း ထိုးနှံပေးသွားမည်​​ဖြစ်ကြောင်း မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီထံမှ သိရသည်။

ပထမအကြိမ်ကို အောက်တိုဘာ ၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ လူဦးရေ စုစုပေါင်း ၆၈၄၂ ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ပြီး ဒုတိယအကြိမ်တွင်လည်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းအား တွံတေးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာ တွံတေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှူး ဒေါက်တာ မျိုးဇော်လှနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ အဘိုးအဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များအား စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (SINOPHARM)ကို ကျေးရွာအသက် ၁၈ နှစ် အထက်နှင့် ကျန်ရှိဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများကို ယနေ့နောက်ဆုံးရက်အနေဖြင့် ကျေးရွာစုရပ်များ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိပြီး နိုဝင်ဘာရက်  ၁၁ နေ့မှ စတင်ကာ ကျေးရွာအုပ်စုများကို ယခင်စုရပ်များအတိုင်း အသံချဲ့စက်ဖြင့် ကြိုတင်အသိပေးကြေညာ၍ ကွင်းဆင်းဆောင်ရွက်ပေး သည့် ရက်စွဲအတိုင်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)