Pages

Pages

လားရှိုးမြို့၌ အသက်(၁၈)နှစ်အထက် ရှိသူများအားကိုဗစ်ကာကွယ်ဆေး(ပ)အကြိမ်ထိုးနှံပေးမည်




လားရှိုး၊ နိုဝင်ဘာ   ၃

လားရှိုးမြို့ရှိ အသက်(၁၈)နှစ် အထက်ရှိသူများကို ယနေ့နံနက် (၉)နာရီအချိန်မှ စတင်ကာ ကိုဗစ်(၁၉)ကာကွယ်ဆေးများကို ဆေးထိုးစုရပ်(၅)ခုတို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ကိုဗစ်(၁၉)ကာကွယ်ဆေးထိုးမည့်သူများအနေဖြင့် မှတ်ပုံတင်(နိုင်ငံသားကတ်)ကို ယူဆောင်လာရမည် ဖြစ်ပါသည်။ယခုထိုးနှံပေးနေသော ကိုဗစ်(၁၉)ကာကွယ်ဆေးသည် ဆေး(၁)လုံးလျှင် လူ(၅)ဦး ထိုးနှံရမည်ဖြစ်သည်။

လားရှိုးမြို့နယ်တစ်ခုလုံးအတွက် နိုဝင်ဘာ(၁)ရက်နေ့မှရရှိသော ကိုဗစ်(၁၉)ကာကွယ်ဆေး (၄၁၃၈)လုံး ကို ရပ်ကွက်၊ ကျေးရွာ၊ မြို့ပေါ်ရှိ အသက်(၄၀)နှစ်ပြည့်ပြီးသူများ (၂၀၆၉၀)ဦးတို့ကို (ပ)အကြိမ် ထိုးနှံပေးခဲ့ပြီး ပိုလျှံဆေးများမှ အသက်(၁၈)နှစ်ပြည့်ပြီးသူများကို ဆက်လက်ထိုးနှံပေးခြင်းဖြစ်သည်။

ရပ်ကွက်၁/၂/၃/၆ရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအနေဖြင့် ကုတင်(၅၀၀) ပြည်သူ့ဆေးရုံကြီးတွင် လည်းကောင်း၊ရပ်ကွက်၄/၅ရှိ(၁၈)နှစ်ပြည့်ပြီးသူများအနေဖြင့် အထက(၆)၌လည်းကောင်း၊ ရပ်ကွက် ၉/၁၀/၁၁ရှိ(၁၈)နှစ်ပြည့်ပြီးသူများအနေဖြင့် အထက(၄)၌လည်းကောင်း၊ ရပ်ကွက်၇/၈ရှိ (၁၈)နှစ် ပြည့်ပြီးသူများအနေဖြင့် ရွှေကြယ်ခန်းမနှင့် ရပ်ကွက်(၁၂)ရှိ (၁၈)နှစ်ပြည့်ပြီးသူများအနေဖြင့် အထက(၃) တို့တွင် အသီးသီးသွားရောက်ထိုးနှံကြရမည်ဖြစ်ပါသည်။

အဆိုပါ ကိုဗစ်(၁၉)ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ်ကိုဗစ်(၁၉) ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီက စီစဉ်ဆောင်ရွက်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။

လားရှိုးမြို့နယ်အနေဖြင့်လည်း (Stay at Home)အစီအစဉ်မှာ ပယ်ဖျက်ခြင်းမရှိသေးကြောင်းလည်း သိရှိရသည်။

သတင်း - ဟန်ဌေး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment