Pages

Pages

အုတ်ဖိုမြို့တွင် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ



အုတ်ဖို၊ နိုဝင်ဘာ   ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်ချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံကိန်းမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်ချက်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးရာ  ဆောင်ရွက်ပြီးစီးခဲ့သည့် စီမံကိန်း အကောင်အထည်ဖော်မှုအပေါ် တိုးတက်မှုအခြေအနေ များနှင့် ဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် ‌လျော့နည်းသွားသော ကဏ္ဍများအား ကျဆင်းမှု အခြေအနေများ၊ ရင်းနှီးမြုပ်နှံမှု စီမံကိန်းများနှင့်ပတ်သက်၍ ချပြရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးမှ လယ်ယာကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်များအား မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးပြည့်ဖြိုးဝင်းအား လည်းကောင်း၊ စက်မှုကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်များအား မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်စိုးထိုက်အား လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်များအား မြို့နယ်စာတိုက်မှူး ဒေါ်ခင်မေဇင်အား လည်းကောင်း တာဝန်ပေးအပ်ရာ အသီးသီး လက်ခံရယူခဲ့ကြကြောင်း သိရသည်။

သတင်း - အောင်သူ

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment