ရန်ကုန်၊ နိုဝင်ဘာ ၁
NLDအကြမ်းဖက်အဖွဲ့များ၏ နိုင်ငံရေးဆူပူအကြမ်းဖက်လှုံ့ဆော်မှုများတွင် အနုပညာရှင်အများအပြား ပါဝင်ခဲ့ပြီး သရုပ်ဆောင်ပိုင်ဖြိုးသုလည်း တစ်ယောက်အပါအဝင် ဖြစ်သည်။
ဆူပူအကြမ်းဖက်လှုံ့ဆော်သူ နိုင်ငံရေးလုပ်စားသူများ၏ ဝါဒဖြန့်စာများကို အနုပညာရှင်များက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများမှ ပြန်လည်ဖော်ပြပေးခဲ့ရာမှ လူငယ်အများအပြား နိုင်ငံရေးကို မသိနားမလည်ဘဲ ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်လာကြသည်။
အနုပညာရှင်များက ၎င်းတို့ကိုယ်တိုင် လက်သုံးချောင်းထောင်၍ မဲလိမ်မဲခိုး NLD ပါတီဘက်မှ ရပ်တည်ကြောင်း ပြသခဲ့ပြီး CDM လှုံ့ဆော်မှုများတွင်လည်း ပါဝင်ခဲ့ကြသည်။
နိုင်ငံရေးဆူပူအကြမ်းဖက် လှုံ့ဆော်သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည့် သရုပ်ဆောင်ပိုင်ဖြိုးသုအား သူမ၏ မိဘများက မိဘစကားနားမထောင်သော သမီးအဖြစ် အမွေပြတ်စွန့်လွှတ်ကြောင်း ယနေ့ထုတ် နိုင်ငံတော်ပိုင် သတင်းစာများတွင် ထည့်သွင်းကြေညာထားသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment