Pages

Pages

ညောင်တုန်းမြို့နယ်၌ ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်းစံကွက်ရိတ်သိမ်း



ညောင်တုန်း၊  နိုဝင်ဘာ   ၃ 


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း အား စံကွက်ရိတ်သိမ်းခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ဆားမလောက်ကျေးရွာရှိ မိုးစပါးမျိုးစေ့ ထုတ်စံပြစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


မိုးစပါးမျိုးစေ့ထုတ်စံကွက်ရိတ်သိမ်းရာတွင် ဆားမလောက်ကျေးရွာ ကွင်းအမှတ် (၃၈၂)ရှိ တောင်သူ ဦးကျင်လှိုင်၏ လယ်ယာမြေ (၄)ဧကတွင် ဆင်းသုခစပါးမျိုး စံကွက်ရိတ်သိမ်းရာ စပါးအစိုထွက်တင်း တစ်ဧကလျှင် (၁၀၈) တင်းနှုန်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ စပါးစိုက်တောင်သူများ တက်ရောက်ပြီး စိုက်ပျိုးမှု အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment