Pages

Pages

ညောင်လေးပင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ အားလုံးပြန်လည်ဖွင့်လှစ်



ညောင်လေးပင်၊ နိုဝင်ဘာ   ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့၌ အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယနေ့တွင် ညောင်လေးပင်မြို့နယ်အတွင်း ပြန်လည်ဖွင့်လှစ်ခဲ့သော ကျောင်းအရေအတွက်မှာ ၁၇၇ ကျောင်းဖြစ်ပြီး ယင်းကျောင်းများမှာ အခြေခံပညာ အထက်တန်းကျောင်း (၁၃) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၈)ကျောင်း ၊ အလယ်တန်းကျောင်း (၁၃) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၂၄)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၀၈) ကျောင်း ၊ မူလတန်းကျောင်း (၁၀)ကျောင်းနှင့် မူလတန်းကျောင်းခွဲ (၁)ကျောင်းတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေခံပညာကျောင်းများအား ဇူလိုင်လ ၉ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု များကြောင့် ပိတ်ထားခဲ့ရာမှ ယခု Stay At Home ပယ်ဖျက်ပြီးသည့်အချိန် ၃လအကြာတွင် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment