မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် နတ်မောက်မြို့မ ယာယီစျေး အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှု ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် နတ်မောက်မြို့မ ယာယီစျေး အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှု ဆောင်ရွက်




မကွေး၊ နိုဝင်ဘာ   ၁၈

မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့တွင်  နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်က နတ်မောက်မြို့မဈေး၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဈေးသစ်ပြန်လည်တည်ဆောက်နိုင်ရေး၊ ဈေးမီးလောင်ပြင် သန့်ရှင်းရေး ဆောင်ရွက်နိုင်ရေးနှင့် ယာယီဈေး အမြန်ဆောက်လုပ်နိုင်ရေး စီမံများဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာ ဝန်ကြီး ဦးအောင်ချိန်နှင့် အတူ တာဝန်ရှိသူများ လိုက်ပါကာ နိုဝင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်က မီးလောင်ကျွမ်းရာ နတ်မောက်မြို့မဈေးသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့မဈေးသို့ ရောက်ရှိစဉ် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့အား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင်နှင့် တာဝန်ရှိသူတို့က မီးလောင်ကျွမ်းမှု အခြေအနေ၊ မီးလောင်ကျွမ်းရာ နတ်မောက်မြို့မဈေးအတွင်း သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုနှင့် နတ်မောက်မြို့ ဘုရားကြီးကွင်းတွင် ယာယီဈေး အမြန်ဆုံး ဆောက်လုပ်နေမှု အခြေအနေများအား လိုက်လံပြသ ရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဈေးသူ ဈေးသားများ  ယာယီဈေး အမြန်ဆုံးပြန်လည်ဖွင့်လှစ် ရောင်းချနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရေးနှင့်  ဈေးပြန်လည် တည်ဆောက် နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍  လိုအပ်သည်များအား ဖြည့်ဆည်း မှာကြားဆောင်ရွက်ခဲ့သည်။

အဆိုပါ နတ်မောက်မြို့မဈေး မီးလောင်ကျွမ်းမှုကြောင့် မြို့မဈေးအတွင်း(၆)ပေ (၇)ပေ အကျယ် ရှိ သွပ်မိုး ကွန်ကရစ်ခင်း ပတ္တမြားရုံ-၁(၄၀)ခန်း၊ပတ္တမြားရုံ-၂(၄၀)ခန်း၊ပတ္တမြားရုံ- ၃(၄၀)ခန်း၊ ပတ္တမြားရုံ-၄(၄၀)ခန်း၊ (၁၀)ပေ ပတ်လည်အကျယ်ရှိ သွပ်မိုး၊သွပ်ကာ ကွန်ကရစ်ခင်း ပုလဲရုံ-၃(၄ဝ) ခန်း၊ ပုလဲရုံ-၄(၃၀)ခန်း၊ (၉)ပေ၊(၁၀)ပေ အကျယ်ရှိ သွပ်မိုး သွပ်ကာ ကွန်ကရစ်ခင်း B ရုံအတွင်းခန်း (၁၂)ခန်း၊ စုစုပေါင်း ဈေးဆိုင်ခန်း(၂၄၂)ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

သတင်း - မောင်ညီညာ

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)