Pages

Pages

ကမမောင်းမြို့တွင်ဒုတိယအသုတ်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ





ကမမောင်း၊ နို၀င်ဘာလ    ၃

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဒုတိယအသုတ်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးခြင်းကိုနို၀င်ဘာလ(၃)ရက်နေ့မှ စတင်ကာ အသက်(၅၅)နှစ်အထက် ပြည်သူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ ရွှေ့ပြောင်း လူအုပ်စုများနှင့် ယာယီစခန်းမှ ပြည်သူလူထုများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား  ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

 အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့အုပ်ချုပ်‌ရေးမှူးဦးသန်း‌ကျော်သူနှင့်တာဝန်ရှိသူ များကကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်နှင့်အညီ ဆေးထိုးနှံနေမှုအခြေအနေတို့ကို ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့၀င်များက သက်ဆိုင်ရာ စုရပ်(၂)ခုတွင် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို လမ်းညွှန် ချက်နှင့်အညီ ပြည်သူများအနေဖြင့် ထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြီး ကမမောင်းမြို့အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်မူလွန်-၁စုရပ်(၂)ခုတွင် နို၀င်ဘာလ(၃)ရက် နေ့ မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment