Pages

Pages

ကျိုက်လတ်မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်

 



ကျိုက်လတ်၊ နိုဝင်ဘာ    ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူး ရဲမင်းမှ စေတနာ့ဝန်ထမ်းများအတွက် လမ်းညွှန်အမှာစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။ 

ဆက်လက်ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာမြို့နယ်ရှိ စေတနာ့ဝန်ထမ်းအဖွဲ့များဖြစ်သည် ရေကြည်တော် လူမှုကူညီရေးအသင်း၊ သုခမေတ္တာလူမှုကူညီရေးအသင်း၊ အရှေ့ပိုင်း လူငယ်လူမှု ကူညီရေးအသင်းများရှိ စေတနာ့ဝန်ထမ်းတစ်ဦးလျှင် (၁၂၀၀၀၀ိ/)နှုန်းဖြင့် ရေကြည်တော်လူမှုကူညီရေး အသင်း စေတနာ့ဝန်ထမ်း(၂၀)ဦးအတွက် (၂၄၀၀၀၀ဝိ/)ကျပ်၊ သုခမေတ္တာ လူမှုကူညီ ရေးအသင်း စေတနာ့ဝန်ထမ်း(၁၀)ဦးအတွက် (၁၂၀၀၀၀ဝိ/)ကျပ်၊ အရှေ့ပိုင်းလူငယ်လူမှု ကူညီရေးအသင်း စေတနာ့ဝန်ထမ်း(၁၀)ဦးအတွက် (၁၂၀၀၀၀ဝိ/)ကျပ်၊ စုစုပေါင်းစေတနာ့ ဝန်ထမ်း(၄၀)ဦးအတွက် (၄၈၀၀၀၀ဝိ/)နှင့် လူနာသယ်ယာဉ်ကား (၂)စီးအတွက် ထောက်ပံ့ငွေ (၂၅၂၀၀ဝိ/)ကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲ များနှင့် မြို့မိမြို့ဖများမှ စေတနာ့ဝန်ထမ်းလူမှုရေးအသင်းအဖွဲ့ဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရ သည်။


သတင်း - ဌေးဌေးလှိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment