ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့ချနိုင်ရေး ပြည်သူများအား ရောဂါကူးစက်ခံရမှု ရှိ/မရှိ (အခမဲ့)ဆက်လက် စစ်ဆေးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့ချနိုင်ရေး ပြည်သူများအား ရောဂါကူးစက်ခံရမှု ရှိ/မရှိ (အခမဲ့)ဆက်လက် စစ်ဆေးပေး

 


ဖားဆောင်း၊ နိုဝင်ဘာ   ၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း အမြန်ဆုံး လျော့ချနိုင်ရေးအတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု ရှိ/မရှိ (အခမဲ့) ဆက်လက်စစ်ဆေးပေးခြင်းကို အောက်တိုဘာလ(၃၁)ရက်နေ့နှင့် နိုဝင်ဘာလ(၁)ရက်နေ့တို့တွင် ဖားဆောင်းမြို့ တောင်ပိုင်းရပ်ကွက်ရှိ နှစ်ခြင်းဘုရားကျောင်းခန်းမသို့ မိုဘိုင်းရွေ့လျားသွားရောက်ကာ မြို့ပေါ်ရပ်ကွက်တွင် နေထိုင်သည့် ပြည်သူများအား RDT Tesk kit ဖြင့် ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူက (အခမဲ့) စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ယခင်ထက်လျော့နည်း ကျဆင်းလာသော်လည်း ဖြစ်ပွားမှုနှုန်း လျော့နည်းလာစေရန် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ RTD Test Kist ဖြင့် (၃၁-၁၀-၂၀၂၁)ရက်နေ့နှင့်(၁-၁၁-၂၀၂၁)ရက်နေ့တို့တွင် စစ်ဆေးပေးခဲ့ရာ ရောဂါပိုးကူးစက်ခံရသူ ကျား(၁၉)ဦး၊ မ( ၁၃)ဦး၊ စုစုပေါင်း (၃၂)ဦး စစ်ဆေးတွေ့ရှိခဲ့၍ တာဝန်ရှိသူများက ၎င်းတို့အား အတည်ပြုလူနာကုသဆောင်သို့ စနစ်တကျ ပို့ဆောင်ပြီး ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ဆေးပေးရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲတပ်ဖွဲ့ဝင်များ၊ ရွှေပြည်သို့ လူမှုကူညီရေးအသင်းဝင်များ၊စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်း - နန်းသဲနုအောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)