မယ်စဲ့မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မယ်စဲ့မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆး

 


မယ်စဲ့၊ နိုဝင်ဘာ  ၇

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့ြမ်ု့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် ယနေ့နံနက်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆော်ရယ်နှင့် ဝန်ထမ်းများက ကွင်းဆင်းတိုင်းတာ စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ပန်တိန်းကျေးရွာ လယ်ယာကုန်ထုတ်လမ်း၊ တံတားနှင့် ကျေးရွာများတွင် ကျေးလက်ရေပေးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် နမ့်ပိန်းလင်ကျေးရွာ လယ်ယာကုန်ထုတ်လမ်း၊ တံတားဖာက်လုပ်ခြင်း နှင့် ကျေးလက်ရေပေးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ မြို့နယ်ဦးစီးမှူး ဦးဆော်ရယ်က ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ပြီး မြေပြင်ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - ဝတ်ရည်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)