Pages

Pages

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား သင့်တင့်မျှတသော စျေးနှုန်းများဖြင့် ရောင်းချပေး




ဒဂုံ၊ နိုဝင်ဘာ   ၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် အမှတ် (၃၀)ရပ်ကွက်ရှိ ဆောင်းဟေမာန်အိမ်ရာ၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်သူများ သန့်ရှင်း လတ်ဆတ်ပြီး ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ အခြေခံ စားသောက်ကုန် ပစ္စည်းများအား သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ယနေ့နံနက်ပိုင်းက လာရောက် ရောင်းချပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးရာတွင် လိုင်စင်ခွင့်ပြုချက် ရယူထားသော အမဲ၊ ကြက်၊ ဝက်၊ ဆိတ် အသားနှင့် ငါးကားများအား မော်တော်ယဉ်များဖြင့် ဆိတ်သား ၁ ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ အမဲသား ၁ ပိဿာလျှင် ၁၂၀၀၀ ကျပ်၊ ကြက်သား ၁ ကောင်လျှင် ၅၀၀၀ ကျပ်၊  ဝက်သား ၁ ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ပေါ်ဆန်း တစ်ပြည် ၁၇၀၀ ကျပ်၊ ဆန်ကြမ်းတစ်ပြည် ၁၀၀၀ ကျပ်၊ ဆီ ၅၀ ကျပ်သား ၁၈၅၀ ကျပ်၊ ကြက်ဉ ၁၀ လုံး ၁၃၀၀ ကျပ်တို့ဖြင့် ရောင်းချပေးခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေး မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ရုံးဝန်ထမ်း များက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွင်းရှိ အခြားသော ရပ်ကွက်များတွင်လည်း  လိုက်လံရောင်းချပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။

သတင်း - မြင့်မြင့်ရီ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment