သီပေါ၊ နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ၊ အောင်မင်္ဂလာ ဘိုးတော်ကျောင်းတိုက်၌ ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူ (၃၄၇)ဦးတို့သည် ယမန်နေ့ နံနက်ပိုင်းက ၎င်းတို့နေထိုင်ရာ ကျေးရွာများသို့အသီးသီး ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။
သီပေါမြို့နယ်အတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် ဆွန်လုံကျေးရွာ ၊ ချောင်းဆုံကျေးရွာ ၊ ဟာလျှံ (အနောက်)ကျေးရွာနှင့် မိုးတေကျေးရွာတို့မှ ဒေသခံတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၃၂)စုမှ လူဦးရေစုစုပေါင်း (၃၄၇)ဦးတို့သည် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သော နိုဝင်ဘာလ(၇)ရက်နေ့မှစ၍ အောင်မင်္ဂလာဘိုးတော်ကျောင်းတိုက်သို့ ရောက်ရှိလာပြီး တစ်ပတ်ကြာတိုက်ပွဲရှောင်နေထိုင်ခဲ့ကြရာမှ ယခုအခါ အခြေအနေများ ပြန်လည်ငြိမ်သက်သွားသဖြင့် ၎င်းတို့ နေထိုင်ရာကျေးရွာများသို့ အသီးသီးပြန်သွားကြခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ တိုက်ပွဲရှောင်ပြည်သူများ ရောက်ရှိချိန်မှစ၍ မူလနေရပ်သို့ ပြန်လည်ထွက်ခွာချိန်အထိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ ၊ ဌာနဆိုင်ရာများ ၊ အလှူရှင်များနှင့် ပရဟိတအသင်းများမှ လိုအပ်သည့်ကိစ္စရပ်များအား ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
သတင်း - ခင်လေး(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment