Pages

Pages

ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူ လူဦးရေ လေးသောင်း ကျော်ခန့်ရှိပြီဖြစ်



ကော့သောင်း၊ နိုဝင်ဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် ကိုဗစ်၁၉ကာကွယ်ဆေး Sinopharm အား ဒုတိယအကြိမ်ဖြစ်ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံပြီးသူ (၄၀၁၇၉) ဦး ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ကော့သောင်းခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆေးထိုးရန် စာရင်းပေးထားသည့်မြို့နေ့ပြည်သူမည်သူ့ကိုမဆို ထိုးနှံပေးခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအထိ  သတ်မှတ်ရက်များအလိုက် ဆေးထိုးအဖွဲ့များဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နိုဝင်ဘာလ၁၆ရက်နေ့က ပထမကြိမ်ဆေးထိုးနှံပြီးသူ စက်ရုံအလုပ်ရုံများမှပြည်သူ(၁၀၀၀)ဦး နှင့် နိုင်ငံ့ဝန်ထမ်းမိသားစု (၆၇၀)ဦး အားမဉ္ဇူ သကပြည်သူ့ခန်းမတွင် စစ်ဗျူဟာအဖွဲ့(ကော့သောင်း) ဆေးတပ်ဖွဲ့က   ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးကြခြင်း ဖြစ်သည်။

ကော့သောင်းမြို့နယ်အနေဖြင့် ၂၀၂၁ခုနှစ်၊ ဇွန်လအတွင်းက သံဃာတော်နှင့်သီလရှင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အပါအဝင် မြို့နေပြည်သူ လူဦးရေ(၅၄၂၅)ဦးအား အိန္ဒိယနိုင်ငံထုတ်COVISHIELD ကာကွယ်ဆေးဖြင့် အကြိမ်ပြည့်ထိုးနှံပေးခဲ့ပြီးဖြစ်သည်။ ယခု တရုတ်နိုင်ငံထုတ် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး  Sinopharm ဖြင့် ဆေးတစ်ကြိမ်ထိုးနှံပြီးခဲ့သူ (၃၆၆၀၀)ကျော်ကို ဒုတိယအကြိမ်အဖြစ်ဆက်လက် ထိုးနှံပေး ခြင်းဖြစ်ရာ Sinopharm ဖြင့် အကြိမ်ပြည့်ထိုးနှံပြီးသူ လူဦးရေ (၃၄၇၅၄) ဦးကျော်ခန့်နှင့် COVISHIELD ဖြင့် အကြိမ်ပြည့်ထိုး နှံပြီးသူ (၅၄၂၅) ဦး စုစုပေါင်း ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ (၄၀၁၇၉) ဦးခန့် ရှိလာနေပြီ ဖြစ်ကြောင်း သိရသည်။

သတင်း - ကျော်စိုး 

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment