လေးမျက်နှာ၊ နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ရုံးတွင် ယမန်နေ့ ညနေပိုင်းက နိုင်ငံတော်အစိုးရ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်သော သဘာဝဘေးအန္တရာယ်များကြောင့် ၂၀၂၁ ခုနှစ် မိုးစပါးရေကြီးနစ်မြုပ် ထိခိုက်ဧကနှင့် ပြန်စိုက်ဧက များအတွက် ဓာတ်မြသြဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ စိုက်ပျိူးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိူးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်နှင့် ခရိုင်ဦးစီးမှူး ဦးမျိူးမင်းလွင်ဦးတို့မှ လေးမျက်နှာမြို့နယ်အတွင်းရှိ တောင်သူလယ် သမားများအနေဖြင့် မိမိတို့မိသားစုများ၏ လုပ်အားကိုအသုံးချကာ စိုက်ပျိူးရေးလုပ်ငန်းများမှ ဝင်ငွေအမြဲရရှိစေရန် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ စိုက်ပျိူးရေးဦးစီးဌာနအနေဖြင့် တောင်သူ လယ်သမားများ၏ အခက်အခဲများကို မြို့နယ်ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ ကူညီဖြေရှင်း ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အခက်အခဲများ ဖြစ်ပေါ်လာပါက မိမိတို့နှင့်ချိတ်ဆက်ကာ ပူးပေါင်းဖြေရှင်းဆောင်ရွက်စေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် လေးမျက်နှာမြို့နယ် စိုက်ပျိူးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေတို့မှ လေးမျက်နှာမြို့နယ်အတွင်း နိုင်ငံတော်အစိုးရ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်သော သဘာဝဘေးအန္တရာယ်များကြောင့် ၂၀၂၁ ခုနှစ် မိုးစပါး ရေကြီးနစ်မြုပ် ထိခိုက်ဧကများအတွက် ဓာတ်မြသြဇာ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိူးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိူးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်နှင့် ခရိုင်ဦးစီးမှူး ဦးမျိူးမင်းလွင်ဦး၊ လေးမျက်နှာမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုကြောင့် ပြန်လည်စိုက်ပျိူးရသော တောင်သူများအား လက်ဝယ်အရောက် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ စိုက်ပျိူးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိူးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်နှင့် ခရိုင်ဦးစီးမှူး ဦးမျိူးမင်းလွင်ဦး၊ လေးမျက်နှာမြို့နယ် စီမံ အုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့်အဖွဲ့ဝင်များ၊ လေးမျက်နှာမြို့နယ်စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်စုအုပ်ချူပ် ရေးမှူးများနှင့် တောင်သူကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - ကျော်ဟိန်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment