Pages

Pages

တန်ဆောင်မုန်းလပြည့်ညတွင် ကော့ကရိတ်မြို့ရှိ ဘုရားစေတီပုထိုးများနှင့် စတုဒီသာ ကျွေးမွေးလှူဒါန်းရာ လာရောက်သူများဖြင့် စည်ကား






ကော့ကရိတ်၊ နိုဝင်ဘာ  ၁၉

၂၀၂၁ခုနှစ်၊ နိုဝင်ဘာ (၁၈)ရက်နေ့ တန်ဆောင်မုန်းလပြည့်ညတွင် ကော့ကရိတ်မြို့ရှိ ဘုရားစေတီပုထိုးများနှင့် စတုဒီသာ ကျွေးမွေးလှူဒါန်းသည့် နေရာများတွင် လာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။  

ကော့ကရိတ်မြို့ ရပ်ကွက် /ကျေးရွာများရှိ ဘုရာစေတီပုထိုးများ၊ ရပ်ကွက်များရှိ လမ်းအသီးသီးတို့တွင် မြတ်စွာဘုရား အား ရည်မှန်းပြီး ဆီးမီးများထွန်းညှိပူဇော်ခြင်းနှင့် နိဗ္ဗာန်ဈေးပွဲတော်လုပ်ခြင်းများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်း ပလျက်ရှိသည်။ထို့အပြင် ကော့ကရိတ်မြို့ပေါ် ရပ်ကွက် (၇)ရပ်ကွက်ရှိ စတုဒီသာ မဏ္ဍများတွင် ယနေ့ ညနေ ၃နာရီ အချိန်က ထမင်း၊ဟင်း၊ ကြာဇံချက်၊ ဒံပေါက်၊ မဲဇလီဖူးဟင်းချို၊ ခေါက်ဆွဲကြော်၊ အုန်းနို့ခေါက်ဆွဲနှင့် မုန့်များဖြင့် ကျွေးမွေးကြရာ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်သူ တို့ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ယမန်နှစ်တွေက တန်ဆောင်မုန်းလပြည့်ညဆို ကော့ကရိတ်မြို့မှာရှိတဲ့ ဇိနသုခစေတီတော်နှင့် အခြားစေတီပုထိုး များမှာ လာရောက်ကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိသော်လည်း ယခုနှစ်မှာတော့ ကော့ကရိတ်မြို့မှာက ည (၈)နာရီ မထွက်ရ အမိန့်နဲ့ဆိုတော့ ယမန်နှစ်လောက်တော့ လာရောက် ကုသိုလ်ယူသူမများပေမဲ့လည်း စည်းကား လျက်ရှိပါ တယ်ဟု အမှတ် (၁)ရပ်ကွက်နေ ဒေသခံတစ်ဦးကပြောကြားသည်။

သတင်း - စောအောင်မျိုးလွင် (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment