Pages

Pages

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ




ရန်ကုန်၊ နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ စုပေါင်း၍ စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ဗဟန်းမြို့နယ် အလယ်တောရစံပြစာသင်တိုက် ဦးစီးပဓာန နာယက၊ အဘိဓဇ မဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တဂန္ဓမာလာဘိဝံသထံမှ အခမ်းအနား တက်ရောက်လာကြသူများက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ် တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးလှစိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ယင်းနောက် ပင့်သံဃာ(၁၁)ပါးနှင့် အလယ်တောရစံပြစာသင်တိုက်ရှိ သံဃာတော် (၆၀)ပါးတို့အား ကထိန်ရည်မှန်း မြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အလှူရှင်များက စုပေါင်း ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အင်းစိန်မြို့နယ်၊ နိုင်ငံတော်သြဝါဒါစရိယ၊ ရွာမပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတိလောကာဘိဝံသမဟာထေရ်မြတ်ထံမှ အနုမောဒနာ တရားနားယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆရာတော်၊ သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။


သတင်း - ကျော်ဆန်းမြင့်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment