နေပြည်တော်၊ နိုဝင်ဘာ ၁
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီနှင့် ကချင်ပြည်နယ်မှ ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန(NSPC) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုအစိုးရအဖွဲရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီဝင်များ၊ ကချင်ပြည်နယ်ရှိ ခရစ်ယာန်အသင်းတော်များမှ ကျောင်းထိုင်ဘုန်းတော်ကြီးများ၊ သိက္ခာတော်ရဆရာတော်များ တက်ရောက်ကြပြီး ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်(KBC) တွဲဖက်အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကချင်ပြည်နယ် မြစ်ကြီး နားမြိုရှိ ကက်သလစ်အသင်းတော်မှ ဖာသာရ်ဒေါက်တာခါးအောင်တူးတိုက နှုတ်ခွန်းဆက်အမှာ စကားပြောကြားကြသည်။
ထိုနောက် ညှိနှိင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ခဲ့မှုနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး တွေ့ဆုံပွဲသို တက်ရောက်ကြသူများက ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် တိုက်ပွဲရှောင်များ နေရပ်ပြန်နိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်(KBC) တွဲဖက်အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော်ဇေခေါင်နှင့် ညှိနှိင်းရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တိုက နိဂုံးချုပ်အမှာစကားပြောကြားကြပြီး တွေ့ဆုံပွဲကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်း လိုက်သည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment