Pages

Pages

ဝါးခယ်မမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးဆောင်ရွက်


ဝါးခယ်မ၊ နိုဝင်ဘာ   ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဌာနမှ  “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက် (၉) နာရီက အဆိုပါရုံးတွင် သော်ကရပ်ကွက်ရှိ ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ပြားထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက သော်ကရပ်ကွက်ရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက် (၁၀) နှစ်ပြည့် (၆)ဦး၊ အသက် (၁၈) နှစ်ပြည့်(၁၅)ဦး၊ စုစုပေါင်း(၂၁)ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်း - စောသန္တာဦး (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment