Pages

Pages

ဂွမြို့ ကျောက်ချွန်ကျေးရွာတွင် ရွာသားအချင်းချင်း စကားများရန်ဖြစ် ဓါးဖြင့်ခုတ်ရာမှ လူသေဆုံးမှုဖြစ်



ဂွ၊ နိုဝင်ဘာ  ၁၉

ရခိုင်ပြည်နယ် ဂွမြို့ ကျောက်ချွန်ကျေးရွာတွင် ယမန်နေ့ ည(၈)နာရီကျော်ခန့်က ရွာသားအချင်းချင်း စကားများရန်ဖြစ် ဓါးဖြင့်ခုတ်ရာမှ လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရေလုပ်သားနှစ်ဦးဖြစ်သည့် နိုင်ဦး(ခ) ကရင် (၅၅)နှစ် (ဓနိကျေးရွာမှ ကျောက်ချွန်ကျေးရွာသို့ လာရောက်၍ ရေလုပ်ငန်းလုပ်ကိုင်သူ) နှင့် ထွန်းထွန်းလင်း(ခ) ငပေ (၃၅)နှစ် ကျောက်ချွန်ကျေးရွာ နေသူတို့သည် ထွန်းထွန်းလင်း(ခ) ငပေ၏ နေအိမ်ပေါ်တွင် အရက်ထိုင်သောက်နေရာ ကရင်က  ငပေအား "မင်းလည်းအရက်သမား  မင်းအဖေလည်း အရက်သမား" ဟု ပြောသည်ကိုမကျေနပ်၍ ငပေက အနီးတွင်ရှိသော အရိုး ၇လက်မ၊ အသွား၁၀လက်မရှိ ဝါးရိုးတပ်ဓါးမဖြင့် ကရင်ကိုခုတ်လိုက်ရာ နိုင်ဦး(ခ) ကရင်မှာ လည်ပင်းတွင် ၆လက်မခန့်  ပြတ်ရှဒဏ်ရာတစ်ချက်၊ ယာလက်ညှိးနှင့် လက်ခလယ်တွင် ပြတ်ရှဒဏ်ရာများဖြင့် လဲကျသေဆုံးခဲ့ကြောင်းကို   ကျေးရွာနေ ရေလုပ်ငန်းပိုင်ရှင် ဖြစ်သူက အ ရေးယူပေးပါရန် မြို့မရဲစခန်းသို့ လာရောက် အကြောင်းကြားခဲ့သောကြောင့် မြို့မရဲစခန်းမှ  စခန်းမှူး ဒုရဲမှူး သူရိန်မင်းထက်နှင့်အဖွဲ့က  အခင်းဖြစ်ပွားရာသို သွားရောက် စစ်ဆေးခဲ့ပြီးထွန်းထွန်းလင်း(ခ) ငပေအား ရာဇသတ်ပုဒ်မ ၃၀၂အရ အမှုရေးဖွင့်ကာ  အရေးယူဆောင်ရွက်ရန် စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း - ရွှေရည်ဝင်းကျော်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment