Pages

Pages

မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ လူနာ(၄၂၃)ဦး ရှိလာသည့်ထဲမှ ကိုယ်ဝန်ဆောင် မိခင်တစ်ဦး သားယောင်္ကျားလေးကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့


မောက်မယ်၊ နိုဝင်ဘာ  ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ယမန်နေ့တွင် RDTဖြင့် စစ်ဆေးသူ (၂၄၀)ဦးတွင် ရောဂါပိုးတွေ့ရှိသူ လူနာသစ်(၁၈)ဦး ထပ်မံတွေ့ရှိခဲ့ပြီး နေအိမ်ပြန်ခွင့်ရသူမရှိပါ ဇူလိုင်လ ၁၉ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ တွေ့ရှိသည့် အတည်ပြုလူနာ ပေါင်း(၄၂၃)ဦးအထိ ရှိလာပြီး ပိုးတွေ့လူနာများထဲတွင် ခွဲစိတ်မွေးဖွားရမည့် ကိုယ်ဝန်ဆောင်မိခင် တစ်ဦးပါဝင်ပြီး ယမန်နေ့ညနေ ၃ နာရီ ၅ မိနစ်တွင် သားယောင်္ကျားလေးကို အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကြောင်း ကျန်းမာရေး ဦးစီးဌာန၏ သတင်းများအရ သိရသည်။

သတင်း - စိုင်းမျိုးသန့်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment