Pages

Pages

မိုးမောက်မြို့နယ်တွင် သဘာဝဘေးကြောင့် မိုးစပါးသီးနှံပျက်စီးဆုံးရှုံးသွားသည့် တောင်သူများအား ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်

 


မိုးမောက်၊ နိုဝင်ဘာ    ၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးကြောင့် မိုးစပါးသီးနှံပျက်စီးဆုံးရှုံးသွားသည့် တောင်သူများအား  ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ထောက်ပံ့ပေးအပ်ပွဲတွင် မိုးမောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထိုက်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတောက်ထွန်းမှ ဓာတ်မြေသြဇာထောက်ပံ့ရခြင်းနှင့် သုံးစွဲနည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၁ ခုနှစ်၊ သြဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာအုပ်စု ၆ အုပ်စုတွင် မိုးစပါးစိုက်ပြီး ဧက ၂၅၉၈ ရေကြီးနစ်မြုပ်ခဲ့ကာ  တောင်သူ ၅၈၃ ဦး ၏ စိုက်ပြီးလယ်မြေဧက ၁၆၇၆ ဧကထိခိုက်ခဲ့မှုနှင့် ပြန်စိုက်ဧကများအတွက် တောင်သူလယ် သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ သဘာဝဘေး အရေးပေါ် ရံပုံငွေဖြင့် ပြည်တွင်းစက်ရုံမှ ထုတ်လုပ်သည့် ယူရီးယားဓာတ်မြေသြဇာ ၅၈၈ အိတ်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပေးအပ်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထိုက်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတောက်ထွန်း၊ မြို့နယ်သမ ဝါယမအသင်းမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ကြည်တို့မှ ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ် ခဲ့ပြီး မင်းကျမ်းကျေးရွာ၊ မခွယ်ကျေးရွာ၊ နောင်းကုန်ကျေးရွာ၊ နှင်းအီကျေးရွာ၊ တာဆိုင်ကျေးရွာနှင့် တိန်းဘုရားကျေးရွာတို့မှ အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

သတင်း - သဲစုမိုး

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment