သီပေါ၊ နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) စတုတ္ထအသုတ် ပထမအကြိမ် ထိုးနှံပေးခြင်းကို မြို့ပေါ်ဆေးထိုးစုရပ်နေရာဖြစ်သည့် မြို့တော်ခန်းတွင် ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံရာတွင် သီပေါမြို့နှင့်အနီးပတ်ဝန်းကျင် ကျေးရွာများမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၁၈) နှစ်နှင့်အထက်ပြည်သူများကို နိုဝင်ဘာလ(၁၅)ရက်နေ့ကစတင်၍ ပထမအကြိမ် ထိုးနှံပေးလျက် ရှိရာ လူဦးရေစုစုပေါင်း(၉၈၀)ဦးအား ထိုးနှံပေးခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူ များကို ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးသည့် စုရပ်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ကကြီးကြပ်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း -ခင်လေး(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment