Pages

Pages

တံတားဦးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသော ဒေသခံပြည်သူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

 



တံတားဦး၊ နိုဝင်ဘာ   ၃

ကျောက်ဆည်ခရိုင် တံတာဦးမြို့နယ်၌ အောက်တိုဘာလအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသော ဒေသခံပြည်သူများအား ဒုတိယအကြိမ်အဖြစ် ယနေ့နံနက်(၉)နာရီက ဆေးထိုးစုရပ်များတွင် ဦးတည်အုပ်စုအလိုက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးပေးလျက်ကြောင်း သိရသည် ။

ပြည်သူများအား အောက်တိုဘာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခဲ့ရာ တွင် လူဦးရေပေါင်း(၇၄၀၀)ဦးထိ ထိုးနှံပေးခဲ့ပြီး အဆိုပါ ဒေသခံပြည်သူများ ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးရာ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဆရာတော်၊ သံဃာတော်များ၊ အသက်(၁၈)နှစ် အထက်ရှိသည့် ပြည်သူများက လာရောက်ထိုးနှံကြရာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံမှဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ ၊ စေတနာ့ရှင်ပြည်သူများ က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း သတ်မှတ်ရက်များတွင် ဆေးထိုးအုပ်စုများအလိုက် ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှသိရသည်။

သတင်း - ရဲတင့်(တံတားဦး)      

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment