Pages

Pages

ကျိုက်မရောမြိုနယ်၌ စာဖြေသံဃာတော်များအား သာသနာဝင် စိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲပြုလုပ်



ကျိုက်မရော၊ နိုဝင်ဘာ   ၃

မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်  သာသနာရေး ဦးစီးဌာနနှင့်   မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့  ပူးပေါင်းဆောင်ရွက်ပေးသော  သာသနာဝင် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆက်ကပ်ပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီက  လက်ပံရွာသစ်၊ စိတ္တာလင်္ကါရ စာသင်တိုက်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ   မြို့နယ်သာသနာရေးဦးစီးမှူး   ဦးအောင်ဘိုဘိုကျော်က   သာသနာဝင်စိစစ်ရေး ကတ်ပြားများ ဆက်ကပ်ပေးအပ်ခြင်းနှင့် ပတ်သက်၍  ရှင်းလင်းလျှောက်ထားပြီး    မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန  မြို့နယ်ဦးစီးမှူး ဦးကိုကိုလွင်က သာသနာဝင်စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပေးသည်။

ထို့နောက် အဆိုပါကျောင်းတိုက်ရှိ   စာဖြေသံဃာ ရဟန်း ၃ ပါးနှင့်သာမဏေ၂၂ ပါး စုစုပေါင်း ၂၅ ပါးတို့၏ သာသနာဝင်စိစစ်ရေး ကတ်ပြားများကို လက်ပံရွာသစ် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ  ကုသလထံ ဆက်ကပ်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း -  ချိုမြတ်မြတ်ထွေး  (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment