Pages

Pages

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အထိ(၅)နှစ် ဒေသန္တရဖွံ့ဖြိုးမှု စီမံကိန်း မူဘောင်ရေး ဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး




ထားဝယ်၊ နိုဝင်ဘာ ၄

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ(၅)နှစ် ဒေသန္တရဖွံ့ဖြိုးမှုစီမံကိန်းမူဘောင်ရေး ဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်၏ စီးပွားရေးမူဝါဒဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့်အညီ တနင်္သာရီ တိုင်းဒေသကြီးအတွင်း အမှန်တကယ် လိုအပ်နေသော လူမှုရေး၊ ဖွံ့ဖြိုးရေး ဦးစားပေးနယ်ပယ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရန် (၅)နှစ် စီမံကိန်း မူဘောင်များရေးဆွဲရမှာဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ စီမံကိန်းများကို (၅)နှစ်စီမံကိန်း မူဘောင်အတွင်းက အဆိုပြုရေးဆွဲကြရန် မှာကြားလိုကြောင်း၊ (၅)နှစ်တာ ဒေသန္တရဖွံ့ဖြိုးမှုစီမံကိန်း မျှော်မှန်းချက်များထားရှိရန် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြုလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ (၅)နှစ် စီမံကိန်းမူဘောင်ရရှိရေးနှင့် အချိန်မီ တင်ပြ နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ  အနေဖြင့် (၅)နှစ်စီမံကိန်းမူဘောင်များကို ရှင်းလင်းဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး စီမံကိန်းဦးစီးမှူး ဦးတင်မြင့်က (၅)နှစ်စီမံကိန်း မူဘောင်ရေးဆွဲရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment