Pages

Pages

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှု့စစ်ဆေး



မုံရွာ၊ နိုဝင်ဘာ   ၃

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် နိုဝင်ဘာလ (၁)ရက် နံနက်ပိုင်းတွင် ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ ခန္တီး-ဆင်သေ-လဟယ်လမ်းပေါ်ရှိ နန့်စလိမ်ချောင်း တံတား တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တံတားအထူး အဖွဲ့(၂)မှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဇေယျာစိုးက နန့်စလိမ်တံတား တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နန့်စလိမ်ချောင်းတံတား တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နန့်စလိမ် ချောင်းတံတား တည်ဆောက်နေမှုအား ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

အဆိုပါ နန့်စလိမ်ချောင်းတံတားသည် ခန္တီးမြို့-ဆင်သေ-လဟယ်မြို့လမ်းပေါ်တွင် တည်ရှိပြီး အရှည်-၃၃၀.၄၅ ပေ၊ တံတားအကျယ်-၃၀.၅ ပေ၊ တံတားခံနိုင်ဝန် - ၆၀ တန်၊ တံတား ကင်းလွတ်အမြင့် - ၃ ပေဖြစ်ပြီး တံတားတည်ဆောက်ရေး လုပ်ငန်းများ ၁၀၀ % ပြီးစီးပြီဖြစ်ရာ တံတားအပေါ် ကတ္တရာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့သို့ ရောက်ရှိရာ ဒေသခံတိုင်းရင်းသားများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး လဟယ်မြို့၊ ထေရဝါဒဗုဒ္ဒသာသနာပြု(ဗဟို)ကျောင်းတိုက် ဆရာတော်ကြီးထံ သင်္ကန်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆွမ်းချက်ဆောင် အဆောက်အဦ တည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကာ လဟယ်မြို့၊ သီလရှင်ကျောင်းတိုက် ဆွမ်းချက်ဆောင် အဆောက်အဦ တည်ဆောက်နေမှုအား ကြည့်ရှု စစ်ဆေး ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ အခြေခံပညာ အထက်တန်း ကျောင်းသို့ ရောက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးပြီး ဆရာ/ဆရာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက် အားပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး သင်ကြားရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ လဟယ်မြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်၊ သူနာပြုများ၊ ဝန်ထမ်းများက ကြိုဆင်နှုတ်ဆက်ကြပြီး ဝန်ထမ်းများနှင့် ဆေးကုသမှုခံယူနေသော လူနာများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး လဟယ်မြို့၊ မြို့မနှစ်ခြင်းခရစ်ယာဉ် ကျောင်းသို့ ရောက်ရှိရာ အသင်းအုပ်ဆရာထံ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းခန်းမတွင် ကျင်းပသော မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားပြီး နာဂဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက နှုတ်ဆက်စကားပြောကြားသည်။

ဆက်လက်၍ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်းက မြို့နယ်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် ကိုဗစ်-၁၉ ကယ်ကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး နာဂစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီကျော်က လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြချက်များအပေါ် ဖြည့်စွက်တင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများက မိမိတို့ဌာနများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ၄၀ လီတာ ဆံ့ အောက်ဆီဂျင်အိုး  ၃၀  လုံး၊  Concentator  ၁၀  လုံးနှင့် ပန်းခင်းစီမံချက်အရ နိုင်ငံသားစီစစ်ရေး ကတ်ပြားများ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ အားကစားပစ္စည်းများနှင့် ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေးသုံး ပစ္စည်းများအား တာဝန်ရှိသူများထံ အသီးသီးပေးအပ်ခဲ့ကြပြီး ဒေသခံ တိုင်းရင်းသားများ ကိုယ်စား ဦးပေါင်ခုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment