Pages

Pages

ဆီဆိုင်မြို့နယ်ရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များ ပုံမှန်ထုတ်လုပ်ပေးလျက်ရှိ



ဆီဆိုင်၊ နိုဝင်ဘာ   ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ ဇဝနာရာမ စာသင်တိုက်အတွင်းရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များကို အောက်တိုဘာ ၅ ရက် နေ့မှစတင်ထုတ်လုပ်ခဲ့ရာ နိုဝင်ဘာ ၅ ရက် နံနက်အချိန်ထိ ၄၀ လီတာဆန့် အောက်ဆီဂျင်အိုး (၄၀၆) အိုးခန့် ထုတ်လုပ်ပေးလျက်ရှိကြောင်းနှင့် ဆီဆိုင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးများသို့ နေ့စဉ်ပုံမှန် ဖြည့်ဆည်းပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံမှာ ဆီဆိုင်မြို့ ဇဝနာရာမစာသင်တိုက် ဆရာတော် ဦးကောဝိဒ ဦးစီးဦးဆောင်ကာ မြို့မိ၊ မြို့ဖများ၊ စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအောက်ဆီဂျင်စက်သည် 5Nm3/hr အမျိုးအစားဖြစ်၍ တစ်နာရီလျှင် ၄၀လီတာဆန့် (၁.၂၅) အိုး ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ တစ်နေ့လျှင် အောက်ဆီဂျင်အိုး အလုံးရေ(၃၀)ထွက်ရှိပြီး မြို့နယ်အတွင်းရှိ မိဘပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အောက်ဆီဂျင်လိုအပ်မှုများကို အချိန်နှင့်တစ်ပြေးညီ အခမဲ့ဖြည့်ဆည်း ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - မျိုးမြတ်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment