Pages

Pages

ကျိုင်းတုံမြို့နယ်တွင်မိခင်ရင်းကိုသားဖြစ်သူကသတ်၍အလောင်းဖျောက်ဖြစ်စဉ်အားရဲတပ်ဖွဲ့က (၂၄)နာရီအတွင်းဖော်ထုတ်ဖမ်းဆီး





 ကျိုင်းတုံ၊ နိုဝင်ဘာ  ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ်လွယ်လုံကျေးရွာအုပ်စုရှိဟွေလုံရွာတွင်နေထိုင်သည့်ဒေါ်မီဂျူး၊အသက်၅၄နှစ်အမျိုးသမီးအား၎င်း၏သားအရင်းဆိုသူကသတ်၍လယ်ကွင်းထဲ၌အလောင်းဖျောက်ထားမှုဖြစ်ပွားမှုအားရဲတပ်ဖွဲ့က( ၂၄)နာရီအတွင်းဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်

ဖြစ်စဉ်မှာကျိုင်းတုံမြို့နယ်လွယ်လုံကျေးရွာအုပ်စုရှိဟွေလုံရွာနှင့်ကုန်းမရွာအကြားရှိလယ်ကွင်းထဲ၌အမျိုးသမီးတစ်ဦးသွေးထွက်ဒဏ်ရာများဖြင့်သေဆုံးလျက်ရှိကြောင်းယမန်နေ့က သတင်းရရှိ၍ထိုအမျိုးသမီးကိုသတ်ဖြတ်ခဲ့သူမှာ၎င်း၏သားအရင်းဆိုသူဖြစ်‌သည်ဟုကျိုင်းတုံမြို့မရဲစခန်းကစုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။

      သေဆုံးသူဒေါ်မီဂျူး၏ဝဲဘက်နားထင်နားရွက်နောက်တွင်၃လက်မခန့်ပေါက်ပြဲဒဏ်ရာ၁ချက်၊နှာခေါင်းနှင့်ပါးစပ်တိုမှသွေးထွက်လျက်လယ်ကွင်းထဲ၌တွေ့ရှိခဲ့ပြီးကျိုင်းတုံမြို့မရဲစခန်းမှရဲတပ်ဖွဲဝင်များကအချိန်နာရီပိုင်းအတွင်း၌လူသတ်အလောင်းဖျောက်သူကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းအဆိုပါရဲစခန်းမှတ်တမ်းများအရသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment