Pages

Pages

နမ့်စန်တွင် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး

 


နမ့်စန်၊ နိုဝင်ဘာ   ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉နာရီအချိန်က ကာကွယ် ဆေးထိုး စုရပ်အသီးသီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးခြင်းကို နမ့်စန်အထကနှင့် မြို့မအထက ဆေးထိုးစုရပ်တို့တွင် ဆောင်ရွက်လျက်ရှိပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ပညာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက စနစ်တကျ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် အခြေခံပညာအထက်တန်းနှင့်အလယ်တန်းအဆင့် စုစုပေါင်း၄၈ ကျောင်းရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူ ၃၆၅၃ ဦးကို စုရပ် ၁၈ နေရာတွင် သတ်မှတ် ရက်များအတိုင်း ထိုးနှံပေးသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်နေ့အထိ နမ့်စန် အထက၊ မြို့မအထကနှင့် အမှတ်(၅)ရပ်ကွက် အထက(ခွဲ) ကျောင်းရှိ ဆေးထိုးစုရပ်များ၌  ကျောင်းသား ကျောင်းသူ ၁၇၁၄ ဦးကို ထိုးနှံပေးနိုင်ခဲ့ကာ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးမည့် အစီအစဉ်များကို သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှတဆင့် ပြည်သူများထံ ကြိုတင်အသိပေးအကြောင်းကြား၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment