တာချီလိတ်မြို့၌ အခြေခံပညာကျောင်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တာချီလိတ်မြို့၌ အခြေခံပညာကျောင်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်



တာချီလိတ်၊ နိုဝင်ဘာ   ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်/မြို့နယ် ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီမှ အခြေခံပညာကျောင်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မကာဟိုခမ်းရပ်ကွက်ရှိ အ.ထ.က (တာချီလိတ်) ကျောင်း၌ ကျင်းပသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ခရိုင်ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က အမှာစကားပြောကြားပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၃၀) ကျောင်းအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့်  နှာခေါင်းစည်း (Mask) (၁၀၀၀၀)ခုနှင့် လက်ဆေးဂျယ်ဘူးကြီး (၄၀၀) ဗူးတို့ အား ထောက်ပံ့ပေးအပ်သည်။

တာချီလိတ်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ကိုဗစ်-၁၉ ရောဂါကြောင့် အခြေခံပညာ ကျောင်းများ ယာယီပိတ်ထားရာမှ ကျောင်းစတင်ဖွင့်လှစ်သည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျောင်းလာတက်သည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၂၆၀) ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

သတင်း - ယာဆေး( ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)