Pages

Pages

ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ(၁၄၆၀၃)ဦးတို့ တက်ရောက်ပညာသင်ကြားနေ


ထန်းတပင်၊ နိုဝင်ဘာ  ၁၀

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများအား နိုဝင်ဘာလ(၁)ရက်နေ့မှ စတင်၍ မြို့နယ် အတွင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ(၁၀)ရက်နေ့တွင် ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ(၂၅၈၂၄)ဦးရှိသည့်အနက် ကျောင်းသား၊ ကျောင်းသူဦးရေ (၁၄၆၀၃)ဦးတို့ တက်ရောက်ပညာ သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထန်းတပင်မြို့နယ်အတွင်း အခြေခံပညာကျောင်း(၁၄၉)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၆) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(၂)ရှိပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံမှုများ အနေဖြင့် မူလတန်းအဆင့် ကျောင်းအပ်နှံသူ(၁၇၁၁၄)ဦး၊ အလယ်တန်း အဆင့်ကျောင်းအပ်နှံသူ (၇၄၈၂)ဦး နှင့် အထက်တန်းအဆင့်ကျောင်းအပ်နှံသူ (၁၂၂၈)ဦး စုစုပေါင်း ကျောင်းအပ်နှံ သည့် ကျောင်းသား၊ ကျောင်းသူ(၂၅၈၂၄)ဦးရှိရာ တက်ရောက်ပညာ သင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ မူလတန်းအဆင့်တွင် (၉၃၆၃)ဦး၊ အလယ်တန်းအဆင့်တွင် (၄၄၈၄)ဦးနှင့် အထက်တန်း အဆင့်တွင် (၇၅၆)ဦး စုစုပေါင်း တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ (၁၄၆၀၃)ဦး ထိရှိ ကြောင်း လည်းသိရသည်။

ထို့အပြင် ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးအတွက် လည်း အသက်(၁၂)နှစ်အထက် အသက်အရွယ်ရှိသည့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ် များအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း အောက်တိုဘာလ (၁၇)ရက်နေ့မှစတင်၍ သတ်မှတ်စုရပ်ကျောင်းများအလိုက် ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာလ(၁၀)ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ(၅၆၂၈)ဦးတို့ ကာကွယ်ဆေး လာရောက်ထိုးနှံ လျက်ရှိကြောင်းသိရပြီး ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းကာ ဆောင်ရွက် လျက်ရှိကြောင်းလည်း သိရသည်။

သတင်း - ဇင်မင်းထိုက်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment