ခင်ဦး ၊ နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ မီးလောင်မှုဖြစ်ပွားခဲ့သော မကျီးတုံကျေးရွာနှင့် မဒေါင်းလှကျေးရွာ တို့ရှိ မီးဘေးသင့်အိမ်ထောင်စုများကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းကို နိုဝင်ဘာလ ၃ ရက် နေ့ ၁၂ နာရီက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးခန်းတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မီးဘေးသင့်အိမ်ထောင်စု (၃) စုကို တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ငွေပေးအပ်ရာတွင် မကျီးတုံကျေးရွာတွင် မီးဘေးသင့်ခဲ့သော ဓနိမိုး၊ ကပ်ကာနေအိမ် အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် တစ်သိန်း၊ ဆန်ရိက္ခာဖိုး(၇) ရက်စာအတွက် တစ်ဦးလျှင် ငွေကျပ် (၂၁၀၀)နှုန်းဖြင့် (၁၂) ဦးအတွက် စုစုပေါင်း ငွေကျပ်(၂၅၂၀၀) ကိုလည်းကောင်း၊ မဒေါင်းလှကျေးရွာတွင် မီးဘေး သင့်ခဲ့သော ဓနိမိုး၊ ကပ်ကာနေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်တစ်သိန်း၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ အတွက် လူဦးရေ (၄) ဦးအတွက် စုစုပေါင်း ငွေကျပ် (၈၄၀၀) ကိုလည်းကောင်း၊ မဒေါင်းလှကျေးရွာ မီးဘေးသင့် ခဲ့သော သွပ်မိုး၊ နံကပ် နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် နှစ်သိန်း၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ အတွက် လူဦးရေ (၅) ဦးအတွက် စုစုပေါင်း ငွေကျပ် (၁၀၅၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးတို့ကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ချောစု ထံက သိရသည်။
သတင်း - စိုးဝေအောင်(ခင်ဦး)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment