Pages

Pages

မင်းလှမြို့နယ်၌ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများတွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး



အထက်မင်းလှ၊ နိုဝင်ဘာ   ၁၀

မကွေးတိုင်း‌ဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အသက် ၁၂ နှစ်အထက် ကျောင်းသား/ ကျောင်းသူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ‌ ပေးလျက်ရှိရာ ကာကွယ်‌ဆေး ထိုးနှံရန် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ယနေ့ နံနက် ၉ နာရီခွဲက မင်းလှမြို့နယ်အတွင်းရှိ သတ်မှတ်ဆေး ထိုးစုရပ် ၈ နေရာတွင် ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။

မင်းလှမြို့နယ်အတွင်း အခြေခံပညာ အထက်တန်းကျောင်း ၁၀ ကျောင်း၊ အထကခွဲ ၁၆ ကျောင်း၊  အလက ၃၇ ကျောင်း၊ အလကခွဲ ၂၁ ကျောင်း၊ မူလွန်ကျောင်း ၃၂  ကျောင်း၊ ဘုန်းတော်ကြီး ပညာသင် မူလွန်ကျောင်း ၁ ကျောင်း၊ စုစုပေါင်း ၁၁၇ ကျောင်းရှိ        အသက် ၁၂ နှစ်အထက်တန်း ကျောင်းသား/ကျောင်းသူ ၁၃၄၆ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၅၅၉၄ စုစုပေါင်း ၆၉၄၀ ဦးရှိရာ ပထမအကြိမ် ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးထိုးနှံပြီး ကျောင်းသား၊ ကျောင်းသူ ၅၃၄၂ ဦးရှိပြီး ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူ ၁၅၉၈ ဦးအား‌ ယခုအခါတွင် သတ်မှတ်ဆေး ထိုးစုရပ်များတွင် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာ စုရပ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

သတင်း - ဇာဇာ

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment